Wednesday, August 29, 2012

Facebook

တချို့တွေက နီလိုက်၊ တချို့သူတွေက စိမ်းလိုက်နဲ့ ...
ငါ့စာမျက်နှာပေါ်မှာ ...
တချို့တွေက ပျော်နေကြ၊ တချို့က ၀မ်းနည်းနေကြ
တချို့တွေက ခံစားချက်တွေ အန်ထုတ်နေကြ၊ တချို့ကတော့ မြိုသိပ်နေရ
တချို့သူတွေ အတွက်ကတော့ ဒီနေရာဟာ ကစားကွင်းတစ်ခုဖြစ်မယ်
တချို့အတွက်တော့ သားရဲတွင်းဖြစ်ချစ်ဖြစ်မယ်
ဘာပဲပြောပြော ...
အားလုံးစုံမက် ခံစားချက်ကိုယ်စီနဲ့ ၀င်လာခဲ့ကြ
ဒီနေရာ
ဒီမှာ

ငါဟာ
စာဖတ်သူသက်သက်ဖြစ်တယ်။
06.07.2011 10:11 PM

— at Nay Pyi Taw.

သောက်ချင်လို့ သောက်တာပါ ...

သောက်ချင်လို့ သောက်တာပါ။
သောက်ပီးရင် မူးချင်လို့ပါ။
မူးပီးရင် မေ့ချင်လို့ပါ။
မေ့သွားရင် ပြန်ပီးတမ်းတချင်လို့ပါ။
တမ်းတရင်းနဲ့ လွမ်းနေချင်လို့ပါ။
လွမ်းနေရင်းနဲ့ ချစ်နေချင်လို့ပါ။
ချစ်နေရင်းနဲ့ ကြည့်နေချင်လို့ပါ။
ကြည့်နေရင်းနဲ့လဲ ချစ်နေချင်လို့ပါ။

Monday, August 27, 2012

အိမ်မက်တွေ တကယ်ဖြစ်လာဖို့ ...


မှတ်မိလား ၂၀၀၈ တုန်းက ပြောခဲ့တဲ့စကား (အိမ်မက်တွေ တကယ်ဖြစ်လာဖို့ ကြိုးစားတော့မယ့် ဘ၀လမ်းမှာ ကိုယ့်အနားရှိနေပေးပါ) 
အခုဘာဆက်လုပ်ရမလဲ။
တကယ်ကို မသိနိုင်တော့တာပါ ... မတူညီတဲ့ ယုံကြည်ချက်ကိုယ်စီနဲ့ လျှောက်မယ့်လမ်းမှာ ကိုယ်စီကိုယ်စီ ပျော်နေနိုင်လို့လား။

"လက်ထပ်ပြီးစီးခြင်း"


ပျော်နိုင်ပါစေ မ ကျနော်ဆုတောင်းပေးပါတယ် ... .... ဆိုတဲ့စကားနောက် စကားလုံးတွေ ပျောက်ရှခဲ့တယ်။

အနေဝေးလို့လား
ရေမြေခြားလို့လား
ဒါမှမဟုတ် အခြေအနေမပေးလို့လား မရယ်။
တကယ်ဆို မချစ်ခဲ့တာလား
နောင်ဆို မချစ်တော့မှာလား
ဒါမှမဟုတ် အခြေအနေဝေးလို့လား။

ယုံကြည်ရာ ခိုလှုံရာ ဘာသာတရား
ဘယ်လောက်ထိများ အရေးကြီးလို့လဲ။
တယ်လီဖုန်း၊ အင်တာနက် ...
မအတွက်ဘယ်လောက်ထိများ ဖြည့်စွက်ပေးနိုင်မှာလဲ
(တကယ်တော့ ကျနော်သိနှင့်ပြီးသားပါ)

အဆင်ပြေသလို ဖြတ်သန်းရတော့မယ့် ဘ၀လမ်းက
အရင်လို ပြန်ဆုံဖို့မှ မဖြစ်နိုင်တော့တာ ...

ကျနော်ကြိုးစားနေတယ်လေ မ
ကျနော် ဒီမှာ လက်တွေချိုးရေပြီး ဆုံနိုင်ဖို့ရာ ကြိုးစားနေတာ ...
ကျေးဇူးပြုပြီး ခဏလေးပါ၊
စောင့်နေပေးပါ
အရင်လိုချစ်နေပေးပါ
ဘေးအနား ရှိနေပေးပါ

ပြောမထွက်ခဲ့ ... ရင်ထဲကစကားတွေ
မ ပြောခဲ့တဲ့ စကားတခွန်းနောက် ....

မ ...
ကျနော်အရင်လို ချစ်နေဆဲပါ။

ဘာလို့လဲ ...


မြင်နေရသမျှ Status တွေက ငါခံစားရဖို့ သက်သက်ဖြစ်စေသလား။
ဓာတ်ပုံတွေထဲ မင်းအရမ်းပျော်နေပါလား ... 
ငါ့ကိုယ်ငါ ပြန်သတိထားမိလိုက်တော့ ငါ့နှုတ်ခမ်းမှာလဲ အပြုံးတစ်ခုနဲ့လေ ... ဒါနဲ့များ ဘယ်ဖက် ရင်ဘတ်က ဘာလို့အောင့်နေရတာလဲ။

ပေးဆပ်သူ


ပေးဆပ်သူတဲ့ တစ်ပါးသူ တစ်ယောက်အတွက် ပေးဆပ်ခဲ့လို့လား။ ဒါမှမဟုတ် တစ်ပါးသူကပဲ စွန့်ပစ်ခဲ့လို့လား၊ ဒါမှမဟုတ် တခြားသူတစ်ယောက်က ရယူသွားလို့လား။ သေသေချာချာ ဝေခွဲမရခဲ့ဘူး။

မယုံကြည်သူ


တွဲထားတဲ့ လက်တွေ ခိုင်မြဲနေကြမယ် ဘယ်တော့မှ မပြောင်းလဲမယ့် ချစ်ခြင်းနဲ့ မဝေးတော့တဲ့ တစ်နေ့မှာ ... ငါတို့ ပြန်ဆုံကြမယ် သစ္စာရှိကြေး။
(၂၀၀၆ ကဒဏ်ရာတစ်ချက်၊ အခုထိ မက်မက်စက်စက်ပြန်လျက်နေတုန်းပဲ)
သြော် ... အကြောင်းပြချက်က ငါကမယုံကြည်သူတဲ့။

Other Side မွေးဖွားခြင်း


OtherSide.My ဆိုတဲ့ဒီ Blog ကို August 27, 2012 မှာ Create လုပ်တယ်။
ဖြစ်ချင်တာမဖြစ်ပဲ ဟန်ဆောင်ရပ်တည်နေရတဲ့ဘ၀ထဲ သိုဝှက်သိမ်းဆည်းထားတဲ့ ကျနော်တို့ရဲ့ စိတ်ခံစားချက် အခြားတစ်ဖက်အတွက် မျက်နှာစာလေးတစ်ခုအဖြစ် ရည်ရွယ်တယ်။